IT Japanese Bootcamp

Japan IT Language

IT Japanese Bootcamp သင်တန်းသည် ဂျပန်နိုင်ငံ၏ IT လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်သောသင်တန်း ဖြစ်ပါသည်။

သင်တန်းမှာ သင်ကြားရမည့် ဘာသာရပ်များ

ဘာသာရပ်များကို အဓိကအပိုင်း ၂ ပိုင်း ခွဲထားပါသည်။
ပထမအပိုင်းမှာ IT လုပ်ငန်းခွင်မဟုတ်သော နေရာတွေမှာပါ လက်တွေ့အသုံးချနိုင်မည့်
၁) အလုပ် Interview ဖြေဆိုနိုင်ရန် လေ့ကျင့်ပေးခြင်း၊
၂) ၀န်ထမ်းအသစ်‌တစ်‌ယောက်အနေဖြင့် လိုက်နာသင့်သော ဂျပန်လုပ်ငန်းခွင် စည်းကမ်းများ
၃) လုပ်ငန်းခွင်တွင် အရေးပါသော ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံနှင့် ပတ်သက်သော အကြောင်းအရာများ၊
၄) business mail နဲ့ chat တွေ အသုံးပြုသောအခါ သတိထားသင့်သော အကြောင်းအရာများ၊
၅) ဂျပန်မှာ အရေးကြီးဆုံးဖြစ်တဲ့ information security ပိုင်းမှာ လိုက်နာသင့်သော အကြောင်းအရာများကို သင်ကြားပေးမှာ ဖြစ်ပါသည်။

ဒုတိယအပိုင်းမှာ IT လုပ်ငန်းခွင်နှင့် ပတ်သက်သောအကြောင်းအရာများဖြစ်ပြီး
၁) project အစည်းအဝေးတွေမှာ ပြင်ဆင်ထားသင့်တဲ့ အကြောင်းအရာများ၊
၂) အလုပ်နှင့် ပတ်သက်ပြီး အထက်လူကြီးကို report တင်သောအခါမှာ ပါ၀င်သင့်သော အချက်များ၊
၃) အလုပ်တွေကို စီမံခန့်ခွဲပုံ၊
၄) ပြသာနာများကို ဖြေရှင်းပုံ၊ အစရှိသော အကြောင်းအရာတွေကို သင်ကြားပေးမှာ ဖြစ်ပါသည်။

သင်တန်း၏ အဓိကအားသာချက်များ

ဒီသင်တန်းတွင်
၁) ဆရာသင်ကြားထားသော အကြောင်းအရာများကို လက်တွေ့စဉ်းစားအသုံးချသော bootcampများ
အတန်းတွင်း discussionများ ပါ၀င်ခြင်း

၂) ဂျပန် IT လုပ်ငန်းခွင်အတွေ့အကြုံ ၁၅နှစ်အထက်ရှိသော Project Leaderများနှင့် ဆွေးနွေးတိုင်ပင်နိုင်ခြင်း
အစရှိသော အဓိကအားသာချက်များရှိပါသည်။

လိုအပ်သော ဂျပန်စာများ ကျက်မှတ်ရခြင်း စာမေးပွဲဖြေဆိုရခြင်းများလည်း ပါ၀င်သဖြင့်
သင်တန်းပြီးဆုံးသောအခါ လုပ်ငန်းခွင်မှာ ကြုံတွေ့ရမည့် အလုပ်များ ပြသာနာများကို သေချာကိုင်တွယ်ဖြေရှင်းနိုင်လာမှာ ဖြစ်ပါသည်။

သင်တန်းချိန်

သင်တန်းစတင်မည့်ရက် : ၂၀၂၄ ဧပြီ ၁ ရက်
သင်တန်းပြီးဆုံးမည့်ရက် : ၂၀၂၆ စက်တင်ဘာ ၃၀ ရက်
သင်တန်းကာလ : ၃လကြာ (တနင်္လာ ~ သောကြာ)(အများပြည်သူရုံးပိတ်ရက်များတွင်ပိတ်ပါသည်)
သင်တန်းချိန် : ၁၀း၀၀~၁၂း၀၀ တစ်‌‌နေ့လျှင်(၂)နာရီ

ငွေပေးချေစနစ်

・တစ်ခါတည်းပေးချေခြင်း (early bird plan ရှိခြင်း)
・အရစ်ကျပေးချေခြင်း

မှတ်ချက်။ ။ JLPT N3 လက်မှတ်မရှိသော ကျောင်းသား/သူများ N3 Level Test ဖြေဆိုရန် လိုအပ်ပါသည်။