Individual Course

မိမိတက်ရောက်လိုသည့် သင်တန်းတစ်ခုချင်းစီကို ရွေးချယ်တက်ရောက်နိုင်မည့် ‌သင်တန်းဖြစ်ပါသည်။ ယခုလက်ရှိ Individual Course တွင် Full Cycle Development Bootcamp နှင့် IT Japanese Bootcamp တို့ကို ရွေးချယ်တက်ရောက်နိုင်ပါသည်။

Full Cycle Development Bootcamp

Software Development Life Cycle တွင် Planning, Design & Ideation, Development, Testing, Operations & Deployment, Maintenance & Updates ဟူ၍ အဆင့်ဆင့်ပါရှိပါသည်။ Software Development Life Cycle တစ်ခုလုံးကို Design ဆွဲသည့်အဆင့်မှစ၍ Maintenance လုပ်သည့်အဆင့်အထိ လုပ်ဆောင်နိုင်အောင် သင်ကြားပေးမည်ဖြစ်ပါသည်။ ထိုအဆင့်များကို သိရှိနားလည်ပြီး အသုံးပြုရမည့် tool များနှင့်လည်း  ရင်းနှီးကျွမ်းဝင်မှု ရရှိသွားမည်ဖြစ်ပါသည်။ ITPEC FE Exam အောင်ထားပြီးသူများ၊ ITနှင့် ဘွဲ့ရရှိပြီးသူများ၊ ITနှင့်ပတ်သက်သည့် ဘွဲ့မရရှိထားသော်လည်း System Development ပိုင်းတွင်အတွေ့အကြုံရှိသူများအတွက် ရည်ရွယ်သည့် Course ဖြစ်ပါသည်။ ထို့ကြောင့် ITပညာရပ်တွင်အခြေခံရှိထားပြီးသူများ တက်ရောက်နိုင်ပါသည်။

ငွေပေးချေစနစ်

※ တစ်ခါတည်းပေးချေခြင်း (early bird plan ရှိခြင်း)

※ အရစ်ကျပေးချေခြင်း

သင်တန်းစတင်မည့်ရက် :  ၂၀၂၄ ဧပြီ ၁ ရက်

သင်တန်းပြီးဆုံးမည့်ရက် :  ၂၀၂၆ စက်တင်ဘာ ၃၀ ရက်

သင်တန်းကာလ :  ၆လ (တနင်္လာ ~ သောကြာ)(အများပြည်သူရုံးပိတ်ရက်များတွင်ပိတ်ပါသည်)

သင်တန်းချိန်  ၁၀း၀၀ ~ ၁၂း၀၀ တစ်နေ့လျှင် (၂) နာရီ

 

IT Japanese Bootcamp

ဂျပန်နိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်လိုသည့် Programmer Level ရှိသောလူငယ်များကို အလုပ် Interview ဖြေဆိုနိုင်ရန် လေ့ကျင့်ပေးခြင်း၊ ဂျပန်လုပ်ငန်းခွင်နှင့်သက်ဆိုင်သော Business Manner များ၊‌ နေ့စဉ််အစီရင်ခံစာများ၊ Business Mail များပို့ခြင်း အစရှိသော Business Level ရှိသည့် ITလုပ်ငန်းခွင်သုံးဂျပန်ဘာသာရပ်ကို သင်ကြားပေးမည်ဖြစ်ပါသည်။ System Development အပိုင်းတွင်လည်း လိုအပ်သည့် Document များကိုရေးသားနိုင်ခြင်း၊ ဖတ်နိုင်ခြင်းသာမက နေ့စဉ်လုပ်ဆောင်သော report များ၊ meeting များ၌လည်း သေချာ Communicate လုပ်နိုင်လာမည်ဖြစ်ပါသည်။ JLPT N3 Level နှင့်အထက်ရှိသော IT လူငယ်ပညာရှင်များတက်ရောက်နိုင်ပါသည်။

ငွေပေးချေစနစ်

※ တစ်ခါတည်းပေးချေခြင်း (early bird plan ရှိခြင်း)

※ အရစ်ကျပေးချေခြင်း

သင်တန်းစတင်မည့်ရက် :  ၂၀၂၄ ဧပြီ ၁ ရက်

သင်တန်းပြီးဆုံးမည့်ရက် :  ၂၀၂၆ စက်တင်ဘာ ၃၀ ရက်

သင်တန်းကာလ :  ၆လကြာ (တနင်္လာ ~ သောကြာ)(အများပြည်သူရုံးပိတ်ရက်များတွင်ပိတ်ပါသည်)

သင်တန်းချိန်  ၁၀း၀၀ ~ ၁၂း၀၀ တစ်နေ့လျှင် (၂) နာရီ

မှတ်ချက်။  ။ JLPT N3 လက်မှတ်မရှိသော ကျောင်းသား/သူများ N3 Level Test ဖြေဆိုရန် လိုအပ်ပါသည်။