အမေးများသောမေးခွန်းများ

GIC Academy မှသင်တန်းပြီးသည့်နောက် ဘယ်လိုအရာများကိုထောက်ပံ့ပေးမှာလဲ။

GIC Academy မှ သင်တန်းပြီးသည့်နောက် ‌အခြားဂျပန်ကုမ္ပဏီများနှင့် မိတ်ဆက်ပေးမည်ဖြစ်သောကြောင့် အလုပ်ရရှိနိုင်ခြင်း၊ ကျွန်ုပ်တို့၏ GIC ကုမ္ပဏီ၏ Offshore Development များတွင် OJT/Internship အနေဖြင့်ဝင်ရောက်လုပ်ကိုင်နိုင်မည့်အခွင့်အလမ်းများရရှိခြင်း၊ ဂျပန်နိုင်ငံရှိ Language School များသို့ပညာတော်သင် သွားရောက်လိုသူများအတွက် ကူညီဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးမည် ဖြစ်ပါသည်။

ဂျပန် COE (ဗီဇာ) ရရှိရန် ပံ့ပိုးကူညီမှု ရှိပါသလား။

ကျွန်ုပ်တို့သည် အလုပ်မိတ်ဆက်ခြင်းများကိုသာမက အလုပ်တစ်ခုရှာဖွေပြီးနောက် COE (ဗီဇာ) လျှောက်ထားခြင်းတွင်လည်း အပြည့်အဝပံ့ပိုးပေးပါသည်။

အဝေးမှလာရောက်တက်ရောက်ချင်သူများအတွက်နေထိုင်ရန်အဆောင်ရှိပါသလား။

ယခုအချိန်တွင် အဆောင်စီစဉ်ပေးထားခြင်းမရှိသေးပါ။

သင်တန်းက online က သင်မှာလား။ အပြင်မှာလာတက်ရမှာလား။

GIC Academy ကျောင်းခွဲများသည် ရန်ကုန်နှင့် မန္တလေးတို့တွင် တည်ရှိသောကြောင့် ကျောင်းတည်ရှိရာနေရာတွင် လာရောက်တက်ရောက်ရပါမည်။ 

ကိုယ်ပိုင် Laptop ရှိရန် လိုအပ်ပါသလား။

သင်တန်းကျောင်းတွင် Laptop ထားရှိပါသဖြင့် ကိုယ်ပိုင် Laptop မရှိလျှင်လည်း တက်ရောက်နိုင်ပါသည်။

သင်တန်းတွင် ဘယ်လိုဆရာများမှ သင်ကြားပေးမှာလဲ။

ဂျပန်နိုင်ငံ၏ IT business နယ်ပယ်တွင် အလုပ်လုပ်ကိုင်နေသော အတွေ့အကြုံ ၁၀နှစ်နှင့်အထက်ရှိသည့် မြန်မာ ITပညာရှင်များကသော်လည်းကောင်း ၊ ထို IT ပညာရှင်များက သေချာ training ပေးထားသော ဆရာများကသော်လည်းကောင်း သင်ကြားပေးမည် ဖြစ်ပါသည်။

ဘာကြောင့် Liberal Artsကို လေ့လာဖို့ လိုအပ်တာလဲ။

ယနေ့ခေတ်တွင် AI နည်းပညာဖွံဖြိုးတိုးတက်လာသည်နှင့်အမျှ IT ပညာရှင်တစ်ယောက်အနေဖြင့် ရပ်တည်ရာတွင် coding ပိုင်းသာလျှင် သိရှိရုံဖြင့် မလုံလောက်ပဲ အခြားသိထားသင့်သည့် general knowledge၊ critical thinking၊ communication skills၊ problem solving skills စသဖြင့် လိုအပ်သော skills များကို ထပ်ဖြည့်ရန် လိုအပ်သောကြောင့် Liberal Arts ကို လေ့လာဖို့လိုအပ်ပါသည်။