
Tomoyuki Iwanaga
Managing Director of GIC Group
GIC Group Managing Director ၏ နှုတ်ခွန်းဆက်စကား
GIC Career Gateway ကိုတည်ထောင်သော ပင်မကုမ္ပဏီဖြစ်သော Global Innovation Consulting Co., Ltd (GIC Group) ၏ Managing Director Tomoyuki Iwanaga ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ၂၀၀၆ ခုနှစ် နိုဝင်ဘာလမှာ ပထမဆုံးအကြိမ်ရောက်ရှိခဲ့ပြီး ယနေ့အချိန်ထိ ၁၇ နှစ်တိုင်ရှိခဲ့ပါပြီ။ ယခုအထိ စီးပွားရေးလုပ်ငန်းစုများ၊ တသီးပုဂ္ဂလလုပ်ငန်းများ မှတဆင့်ပတ်သတ်ဆက်နွယ်ပြီး နိုင်ငံပေါင်း ၄၀ ကျော်တွင် လုပ်ငန်းအတွေ့အကြုံများကို ရရှိခဲ့ပါတယ်။ ကုမ္ပဏီကိုလွန်ခဲ့သော ၁၃ နှစ်ကအမည်စတင်ပေးခဲ့ပြီး ယနေ့အချိန်အထိ အမည်ပြောင်းလဲခဲ့ခြင်းမရှိပါ။ ထိုအချိန်မှစ၍ နာမည်တွင်ဖော်ပြထားသည့်အတိုင်း ကုမ္ပဏီကို “ကမ္ဘာလုံးဆိုင်ရာ” အနေဖြင့် “ဆန်းသစ်တီထွင်မှုများ” ဖန်တီးရန်နှင့် ထိုအရာများကို “အကြံပေးဆွေးနွေးမှုများ” ပြုလုပ်နိုင်ရန် ရည်ရွယ်ပြီး လုပ်ဖော်ကိုင်ဖက်သုံးယောက်ဖြင့် ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပါတယ်။
“ဆန်းသစ်တီထွင်မှု” ဆိုတဲ့စကားလုံးဟာ လတ်တလောမှာ တွင်တွင်ကျယ်ကျယ်အသုံးများလာခဲ့ကြသော်လည်း နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုကိုသာ ဆိုလိုခြင်းမဟုတ်ပါဘူး။ နိုင်ငံအသီးသီးမှလူများ၊ ယဉ်ကျေးမှုများ၊ ဘာသာရေးနှင့် တွေးခေါ်ပုံတို့ကို ကျော်လွန်၍ လက်တွေ့ဘဝ၊ အွန်လိုင်းနည်းလမ်းများဖြင့်ဆက်သွယ်ပြီး “ကမ္ဘာအနှံ့” စီးပွားရေးလုပ်ငန်းသစ်ကို ဖန်တီးခြင်းဟာလည်းအရေးပါတဲ့ “ဆန်းသစ်တီထွင်မှု”များထဲက တစ်ခုပဲမဟုတ်ပါလား။
ဒီ ၁၃ နှစ်ကာလအတွင်း ကျွန်တော်တို့၏ စီးပွားရေးလုပ်ငန်းကို နိုင်ငံအသီးသီးသို့ တိုးချဲ့ခဲ့ပါတယ်။ ထိုနိုင်ငံအသီးသီးထဲမှ မြန်မာနိုင်ငံဟာ ဂျပန်လူမျိုးများနှင့် ရင်းနှီးမှု အမြင့်မားဆုံးနိုင်ငံဖြစ်ကြောင်း သိရှိထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသားတွေနဲ့ နေ့စဉ်ထိတွေ့ဆက်ဆံရတာက ကျွန်တော့်အတွက်တကယ့်ကို ပျော်ရွှင်စရာကောင်းတယ်လို့ ခံစားမိပါတယ်။
ကျွန်တော့်ကုမ္ပဏီနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော်တို့၏ကုမ္ပဏီ group အနေဖြင့် ဂျပန်နိုင်ငံ၊ မြန်မာနိုင်ငံ (ရန်ကုန် ၊ မန္တလေး) နှင့် US (Silicon Valley) တို့တွင်ရှိသောဝန်ထမ်းပေါင်း အယောက် ၃၀၀ ခန့်ဖြင့် ဖွဲ့စည်းထားပါတယ်။ ဝန်ထမ်းများ၏ ၉၇ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံသားများဖြစ်ကြပြီး ဝန်ထမ်းစုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီးများဖြစ်ပါတယ်။ အစောပိုင်းက ဖော်ပြခဲ့သည့်အတိုင်း ကျွန်တော်တို့ကုမ္ပဏီကို ၂၀၁၁ ခုနှစ် ဧပြီလတွင် စတင်တည်ထောင်ခဲ့တဲ့အတွက်ကြောင့် ယခုနှစ်(၂၀၂၄ခုနှစ်) မတ်လကုန်ဆိုရင် ၁၃ နှစ်ရှိပြီဖြစ်ပါတယ်။ ကျွန်တော်တို့ကုမ္ပဏီဟာဆိုရင်ဖြင့် ဂျပန်နိုင်ငံ IT လုပ်ငန်းခွင်မှာ မြန်မာနိုင်ငံသား အများဆုံး အလုပ်ခန့်ထားသောကုမ္ပဏီဖြစ်ပါတယ်။ အဓိကစီးပွားရေးလုပ်ငန်းများမှာ ၁) IT/DX (Myanmar Offshore Development အပါအဝင်) ၂) Overseas Expansion Consulting (Myanmar IT JOB FAIR အပါအဝင်) ၃) လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ စီးပွားရေးလုပ်ငန်းဟူ၍ လုပ်ငန်း ၃ ခုရှိခဲ့ပြီး ယခုအကြိမ် GIC ACADEMY သည် ပညာရေးနှင့် လေ့ကျင့်ရေး လုပ်ငန်းဖြစ်ပြီး ၄ ခုမြောက်အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ အနာဂတ်မှာ ဒီလုပ်ငန်း ၄ ခုကိုတစ်ပြိုင်တည်း လုပ်ဆောင်ပြီး ကျွန်တော်တို့၏ Customerများနှင့် လုပ်ဖော်ကိုင်ဖက်များက ဒီအခြေခံစီးပွားရေးလုပ်ငန်း ၄ ခုကိုအသုံးပြုခွင့်ရပြီး ပိုမိုကောင်းမွန်တဲ့စီးပွားရေးလုပ်ငန်းကို ချဲ့ထွင်နိုင်ရန် ရည်ရွယ်ပါတယ်။
GIC ACADEMY ကို တည်ထောင်ရာတွင် အဓိကကျသော အချက်များဖြစ်သည့် (၁) တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်၊ (၂) အခြားကုမ္ပဏီများနှင့်ကွာခြားမှုများ ၊ ကျောင်းသား၊ကျောင်းသူများနှင့် မိဘများအပေါ် ပေးနိုင်သောကတိကဝတ်များ ၊ (၃) ဂျပန်နိုင်ငံတွင် အောင်မြင်မှုရရှိရန်အတွက် အကြံပြုချက်များကို ဆွေးနွေးခြင်းတို့ကို ရှင်းပြပေးချင်ပါတယ်။
၁) တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်
လူ့သမိုင်းတွင် သိပ္ပံနှင့်နည်းပညာတိုးတက်မှု ၊ Globalization နှင့် ဆန်းသစ်တီထွင်မှုများက အဓိကနေရာများထဲမှတစ်ခုဖြစ်တယ်ဆိုတာ ပြောစရာမလိုပေ။ ဤအရာသည်အခုမှစပြီးစဉ်ဆက်မပြတ်လုပ်ဆောင်သွားမည်ဟုပြောဆိုခြင်းသည် ချဲ့ကားပြောဆိုခြင်းမဟုတ်ပါ။ ဒါပေမယ့်စိတ်မကောင်းစွာဖြင့် မြန်မာနိုင်ငံတွင် IT ပညာကို လေ့လာနေသော ကျောင်းသား၊ကျောင်းသူများ (အထူးသဖြင့် သင်္ချာနှင့်သိပ္ပံဘာသာရပ်ကို ကျွမ်းကျင်သောလူငယ်များ) သည် အမျိုးမျိုးသောအခွင့်အလမ်းများစွာကို ဆုံးရှုံးနေရတယ်ဆိုတာ ငြင်းမရနိုင်သောအမှန်တရားတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ GIC Academy ဟာ Liberal Arts/IT/Japanese စသည့် နယ်ပယ် ၃ ခုတွင် အထူးပြုလေ့လာနိုင်သော ကျောင်းသား၊ကျောင်းသူများကို ပြုစုပျိုးထောင်ပေးနေပါတယ်။
အဓိက ရည်ရွယ်ချက်မှာ ဂျပန်နှင့် ကမ္ဘာတဝှမ်းမှာရှိတဲ့ ထိပ်တန်းအဆင့်ရှိ IT နယ်ပယ်မှာတက်ကြွစွာ ပါဝင်လုပ်ဆောင်နိုင်တဲ့မြန်မာလူမျိုးများကို လေ့ကျင့်သင်ကြားပေးရန်နှင့် ပြုစုပျိုးထောင်ပေးရန် ဖြစ်ပါတယ်။
လက်ရှိတွင် ကျွန်တော်တို့သည် AI ခေတ်သို့ရောက်ရှိနေပြီဖြစ်ပြီး Liberal Arts (အထွေထွေပညာရေး) ဟာ “ပညာရေး၏အရေးကြီးဆုံးအစိတ်အပိုင်းများ”ထဲမှတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ITဟာ Programmer များ၊ System Engineer များကို လေ့ကျင့်ပေးရန်သာမဟုတ်ဘဲ “Customerနှင့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပြဿနာများကို ဖြေရှင်းနိုင်ခြင်း” က ပန်းတိုင်ဖြစ်ပါတယ်။ ဂျပန်ဘာသာစကားဟာဆိုရင်လည်း ဂျပန်ဘာသာစကား ကျွမ်းကျင်မှုစာမေးပွဲ (JLPT) ရရှိရုံသာမက “ဂျပန်ITလုပ်ငန်းခွင်မှာအသုံးပြုတဲ့ဂျပန်ဘာသာစကား”ကိုလည်းသင်ယူရမှာဖြစ်ပါတယ်။
ဂျပန်နိုင်ငံ၏ အလုပ်အကိုင် VISA ဖြစ်သော (နည်းပညာ/လူ့စွမ်းအားအရင်းအမြစ်/နိုင်ငံတကာရေးရာ) အတွက် တက္ကသိုလ်ဘွဲ့လက်မှတ်သည်မဖြစ်မနေလိုအပ်တယ်ဆိုပေမယ့်အခြားရွေးချယ်စရာတစ်ခုကတော့ FE (Fundamental Information Technology Examination- https://itpec.org/jp/index.html ) စာမေးပွဲအောင်လက်မှတ်ဘဲဖြစ်ပါတယ်။
ဒါပေမယ့် အရေးကြီးဆုံးအချက်ကတော့ “ဂျပန်နှင့်ကမ္ဘာတဝှမ်းရှိ IT နယ်ပယ်မှာ ထိပ်တန်းအဆင့်တွင် တက်ကြွစွာပါဝင်လုပ်ဆောင်နိုင်အောင် မြန်မာလူမျိုးတို့ကို လေ့ကျင့်သင်ကြားပေးခြင်းနှင့်ပြုစုပျိုးထောင်ပေးခြင်း“ ဖြစ်တယ်ဆိုတာပြောစရာမလိုပေ။
၂) အခြားကုမ္ပဏီများနှင့်ကွာခြားမှုများ ၊ ကျောင်းသား၊ကျောင်းသူများနှင့် မိဘများအပေါ် ပေးနိုင်သောကတိကဝတ်များ
မြန်မာနိုင်ငံနှင့်ဂျပန်နိုင်ငံတို့တွင် ထူးချွန်သောလေ့ကျင့်ရေးအသက်မွေးဝမ်းကြောင်းကျောင်းများစွာ ရှိသည်မှာ လူတိုင်းသိရှိပြီးဖြစ်ပါတယ်။ ဒါပေမယ့် ယခုလက်ရှိ မြန်မာနိုင်ငံမှာ Liberal Arts/IT/Japanese နယ်ပယ် ၃ မျိုးစလုံး သင်ကြားပေးနိုင်တဲ့ လေ့ကျင့်ရေးကျောင်းတစ်ခုမှမရှိသေးပါ။ အလားတူ သင်တန်းပြီးတဲ့နောက် ဂျပန်နိုင်ငံမှာ အလုပ်အကိုင်ရရန် ဒါမှမဟုတ် အသက်မွေးဝမ်းကြောင်းကျောင်း (ဂျပန် သို့မဟုတ် IT) တစ်ခုခုကို အာမခံမှုပေးနိုင်တဲ့ ကုမ္ပဏီတစ်ခုမှမရှိသေးပါဘူး။ ကျွန်တော်တို့ရဲ့ကုမ္ပဏီဟာ အထက်မှာဖော်ပြထားတဲ့ စီးပွားရေးလုပ်ငန်းပုံစံကိုအခြေခံပြီးတော့ GIC ACADEMY မှသတ်မှတ်ထားသော Level တစ်ခုအောင်မြင်ပြီးတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင်နှင့်အသက်မွေးဝမ်းကြောင်း ကျောင်း (ဂျပန် သို့မဟုတ် IT) ကိုမိတ်ဆက်ပေးမည်ဖြစ်ကြောင်း အာမခံပါတယ်။ Interview များအတွက် အထူးလေ့ကျင့်ပေးနိုင်ပြီး၊ ဂျပန် IT လုပ်ငန်းခွင်တွင် အမှန်တကယ်အလုပ်လုပ်နိုင်သော Level ရှိတဲ့ ကျွန်တော်တို့၏ထူးချွန်ဝန်ထမ်းများက သင်ကြားပေးမည်ဖြစ်ပါတယ်။ သတ်မှတ်ထားသော Level တစ်ခု အောင်မြင်ပြီးတဲ့ ကျောင်းသား၊ ကျောင်းသူများကို ၄ လတစ်ကြိမ် လူရွေးချယ်မှုများပြုလုပ်ပြီး၊ နောက်ဆုံးတွင် အလုပ် သို့မဟုတ် ကျောင်းတစ်ခုခုဖြင့် ဂျပန်နိုင်ငံသို့ ရောက်ရှိလာရမည်ဖြစ်ကြောင်း အာမခံပါတယ်။
၃) ဂျပန်နိုင်ငံတွင် အောင်မြင်မှုရရှိရန်အတွက် အကြံပြုချက်
ကျွန်တော်ကိုယ်တိုင် ၂၂ နှစ်ကြာ ဂျပန် IBM ကုမ္ပဏီတွင်အလုပ်လုပ်ခဲ့ပြီး၊ တခြား IT ကုမ္ပဏီတွင် ၆နှစ်ခန့်လုပ်ခဲ့ပါတယ်။ ထို့နောက် GIC ကုမ္ပဏီတွင် ၁၃နှစ်ကြာ နေ့စဉ်လေ့လာမှုများ လုပ်ဆောင်နေပါတယ်။ ကုမ္ပဏီ၏ အဓိကလုပ်ငန်းဖြစ်တဲ့ IT နယ်ပယ်တွင် အတွေ့အကြုံနှစ် ၄၀ ရှိပြီး၊ နိုင်ငံရပ်ခြားစီးပွားရေးချဲ့ထွင်အကြံပေးခြင်းတွင် ၁၈ နှစ်၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာလုပ်ငန်းတွင် ၅ နှစ်ရှိပြီဖြစ်ပါတယ်။ မအောင်မြင်သေးဘူးဆိုတာ မရှိပေမယ့် အောက်ပါစကားလုံးနှစ်လုံးကို လက်တွေ့လုပ်ဆောင်နေပါတယ်။
ပထမတစ်ချက်ကတော့ “Stick to your word” ဖြစ်ပါတယ်။ စျေးကွက်သည် ကမ္ဘာလုံးဆိုင်ရာဖြစ်ပြီး စဉ်ဆက်မပြတ် ပြောင်းလဲနေသည်မှာ ပြောနေစရာ မလိုသောကြောင့် Business Plan များကိုချက်ခြင်းကြေညာပြီး အကောင်အထည်ဖော်ရန် လိုအပ်ပါတယ်။ လမ်းကြောင်းမှားသွားရင်တောင် အဲ့ဒီအမှားကို အကြိမ်ကြိမ်ပြုပြင်ပြီး ရှေ့ဆက်သွားနိုင်မည်ဟု ယုံကြည်ပါသည်။
ဒုတိယတစ်ခုကတော့ “Carved stone running water” ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး “ရရှိခဲ့တဲ့ကျေးဇူးတရားဟာ မည်မျှပင်သေးငယ်ပါစေ နှလုံးသားမှာ ထွင်းထုထားသင့်ပြီး ပေးကမ်းခဲ့တဲ့ကိစ္စများကို မေ့လိုက်ပါ” ဟု ဆိုထားပါတယ်။ ဆိုလိုတာက “တစ်စုံတစ်ယောက်ဆီကကျေးဇူးတရားကို လက်ခံရရှိတဲ့အခါ အဲ့ဒီလူဆီပြန်ပေးရုံသာမက လူများစွာကိုလည်း ပေးသင့်တယ်။ ထို့နောက် မိမိလုပ်ပေးခဲ့တာတွေကို မေ့ထားလိုက်ပါ။” ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တောင်ပိုင်းထေရဝါဒဗုဒ္ဓဘာသာသည် အဓိကကျသော်လည်း ခရစ်ယာန်နှင့် အစ္စလာမ် အပါအဝင် အခြားလူမျိုးများဖြင့် ဖွဲ့စည်းထားပြီး မည်သည့်ဘာသာတွင်မဆို မိသားစုသည် အရေးကြီးသောအရာတစ်ခုဖြစ်ကြောင်းကို လေးလေးနက်နက် နားလည်ပါတယ်။ မိသားစုဆက်ဆံရေးတွင် ကြီးမားတဲ့ အဓိပွါယ်ရှိသည့်”Carved stone running water” ၏သဘောတရားကို စီးပွားရေးလုပ်ငန်းရဲ့ လူသားချင်းဆက်ဆံရေးတွင်လည်း အရေးကြီးသည်ဟု ထင်ပါတယ်။
လူ့ဘဝက တိုတောင်းတယ်ဆိုပေမယ့် ယခုအချိန်အထိ အလုပ်မှာအတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိတယ်ဆိုတာ ဒီအတွေးအခေါ် ၂ ခုက ကျွန်တော့်၏ အခြေခံဖြစ်တယ်ဆိုတာကို နားလည်လိမ့်မယ်လို့ ထင်ပါတယ်။
GIC Career Gateway မှာ စာရင်းပေးသွင်းပြီး ဂျပန်သို့ လာရောက်မယ့် လူငယ်များအနေဖြင့် ယခုဖေါ်ပြထားသော အချက် ၂ချက်အတိုင်း သေချာပေါက် လုပ်ဆောင်ဖို့ တောင်းဆိုချင်ပါတယ်။
ကျောင်းတာဝန်ခံများ

Kaung Myat Tun
Training Director

Toshiharu Kobayashi
CEO of GIC Myanmar

Mu Mya Aye
Head of Training
GIC Career Gateway မိတ်ဆက်
GIC Career Gateway သည် မြန်မာနိုင်ငံတွင် IT Job Fair ကို ၁၂နှစ်တိုင်ဦးစီးကျင်းပနေလျက်ရှိသော GIC Company မှဖွင့်လှစ်မည့် Liberal Arts, IT & Japanese Language Training Center ဖြစ်ပါသည်။ GIC Company အနေဖြင့် IT & Japanese Skill ထူးချွန်သူများကိုသာ ရွေးချယ်အလုပ်ခန့်ခဲ့ရာမှ ယခုအခါတွင် IT & ဂျပန်စာကို စိတ်၀င်စားပြီး လုပ်ငန်းခွင်၀င်ရောက်လိုသူ လူငယ်များအတွက်ရည်ရွယ်၍ GIC Career Gateway ကို ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။ အနာဂတ်တွင် ဂျပန်နိုင်ငံ၏ ITနယ်ပယ်၌ ဝင်ရောက်အလုပ်လုပ်ကိုင်လိုသူလူငယ်များအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါသည်။


GIC Group မိတ်ဆက်
GIC Group ကို ၂၀၁၁ ခုနှစ် ဧပြီလတွင် စတင်တည်ထောင်ခဲ့ပါသည်။ GIC ရုံးများကို ဂျပန်နိုင်ငံ (Global Innovation Consulting Inc.)၊ မြန်မာနိုင်ငံ (GIC Myanmar Co., Ltd.) နှင့် US (GIC Silicon Valley Lab Inc.) ဟူ၍ ၃ နိုင်ငံတွင်ဖွင့်လှစ်ထားပါသည်။ ရုံးချုပ်သည် ဂျပန်နိုင်ငံတိုကျိုမြို့တွင်တည်ရှိပါသည်။
GIC Company သည် လက်ရှိဂျပန်နိုင်ငံရုံးချုပ်တွင် မြန်မာလူငယ် IT ပညာရှင်ပေါင်း ၁၅၀ ကျော်၊ မြန်မာနိုင်ငံရုံးခွဲဖြစ်သော ရန်ကုန်နှင့်မန္တလေးတွင် ၁၅၀ ကျော်၊ GIC Group အနေဖြင့် စုစုပေါင်း မြန်မာလူငယ် IT ပညာရှင်ပေါင်း ၃၀၀ ကျော်ကို အလုပ်ခန့်အပ်ထားပြီး၊ ဂျပန်နိုင်ငံတွင် မြန်မာလူမျိုးအများဆုံး အလုပ်လုပ်ကိုင်နေသော IT Company တစ်ခုဖြစ်ပါသည်။
၂၀၁၆ ခုနှစ်မှစ၍ အဓိကစီးပွားရေးလုပ်ငန်းအနေဖြင့် Offshore Development ကိုဦးတည်၍ လုပ်ဆောင်လာခဲ့ပါသည်။ Offshore Development တွင်အတွေ့အကြုံရရှိပြီးသောလူငယ်များကို ဂျပန်နိုင်ငံသို့စေလွှတ်လျက်ရှိပါသည်။
ရည်မှန်းချက်
IT ပညာရပ်ကိုစိတ်ဝင်စားသော မြန်မာလူငယ်ပညာရှင်များကို အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာစေရန်နှင့် ထူးချွန်ထက်မြက်သော မြန်မာလူငယ် IT ပညာရှင်များကို ဂျပန်နိုင်ငံ၏ IT စီးပွားရေးနယ်ပယ်တွင် ဝင်ရောက်အလုပ်လုပ်ကိုင်နိုင်ရန်ရည်ရွယ်ပါသည်။

GIC Career Gateway ၏ Education Plan မိတ်ဆက်ခြင်း
(၁) AI ခေတ်လူ့ဘောင်လောကတွင် အရေးပါလာသော Liberal Arts
(၂) IT System Development ၏ အဆင့်အားလုံးကို နားလည်စေမည့် Full Cycle Development Bootcamp
(၃) ဂျပန်စာကို အခြေခံမှစ၍ သင်ယူနိုင်မည့်အပြင်၊ IT လုပ်ငန်းခွင်သုံး ဂျပန်စာကိုလည်း လက်ရှိဂျပန်နိုင်ငံတွင် IT Engineer Manager အဖြစ်တာ၀န်ထမ်းဆောင်လျက်ရှိသော ၁၀ နှစ်ကျော်အတွေ့အကြုံရှိသည့် GIC Senior များကိုယ်တိုင် Curriculum ရေးဆွဲသင်ကြားပေးမည့် IT Japanese Language Training
(၄) Insurance / FinTech လုပ်ငန်းခွင်သုံး (Software as a Service) SaaS System Development ကိုအခြေခံသည့် On Job Training
GIC Career Gateway ၏အားသာချက်များ
၁) IT နှင့် ဂျပန်စာကို အတူတကွသင်ယူနိုင်ခြင်း
၂) ဂျပန်စာသင်တန်းတွင် ဂျပန် Native ဆရာ/ဆရာမများနှင့်အတူ မြန်မာလူမျိုးဆရာ/ဆရာမများ၊ နည်းပြများပါ အတူတကွပူးတွဲ၍ စနစ်တကျသင်ကြားပေးခြင်း
၃) IT နှင့် ဂျပန်ဘာသာရပ်အပြင် Business Mannerများ၊ ဂျပန်နိုင်ငံ၏ယဉ်ကျေးမှုများ အစရှိသည့်အထွေထွေဗဟုသုတများကိုပါ သင်ကြားပေးခြင်း
၄) IT ပညာရပ်ကိုအခြေခံမှစ၍ စာတွေ့သာမက လက်တွေ့လုပ်ဆောင်နိုင်သည်အထိ သင်ကြားပေးခြင်း
၅) OJT လုပ်ဆောင်ရာတွင် လုပ်ငန်းခွင်မှာအတိုင်း System များကို လက်တွေ့လုပ်ဆောင်ရမည်ဖြစ်သောကြောင့် တကယ့်လုပ်ငန်းခွင်အတွေ့အကြုံများကိုရရှိစေနိုင်ခြင်း
၆) ကျောင်းသား၊ကျောင်းသူတစ်ဦးချင်းစီအလိုက် လိုအပ်ချက်များကို အသေးစိတ်ဆွေးနွေးမှုများ ပြုလုပ်ပေးခြင်း
၇) သင်တန်းပြီးဆုံးသည့်နောက် အလုပ်အကိုင်ရရှိရန် အာမခံချက်ရှိခြင်း