IT လုပ်ငန်းနယ်ပယ်တွင် မရှိမဖြစ်အရေးပါသော RPA ကဲ့သို့သော နည်းပညာသင်တန်းများ နှင့် ITPEC FE စာမေးပွဲပြင်ဆင်မှုသင်တန်းများကို AOTS (The Association for Overseas Technical Cooperation and Sustainable Partnerships) ၏အထောက်အပံ့ဖြင့် GIC မှ ကြီးမှူးပြီး အခမဲ့ သင်ကြားပို့ချလျှက်ရှိပါသည်။
ITPEC FE ဆိုသည်မှာ IT ကျောင်းသားများ၏အနာဂါတ် အလုပ်အကိုင် Career အတွက် အဓိကကျသော Qualification တစ်ခုဖြစ်ပြီး၊ ဂျပန်နိုင်ငံသို့  IT အင်ဂျင်နီယာ တစ်ယောက်အနေဖြင့် လာရောက်အလုပ်လုပ်ကိုင်နိုင်ရန်အတွက်လည်း ကြီးမားသော အထောက်အပံ့တစ်ခုဖြစ်ပါသည်။
FE စာမေးပွဲ (Fundamental Information Technology Examination) သည် IT လုပ်ငန်းတွင် အရေးပါသော အောင်လက်မှတ်တစ်ခုဖြစ်ပြီး ဘွဲ့မရရှိသေးသော လူငယ်များအတွက် အနာဂတ်အလုပ်အကိုင်နှင့် အသက်မွေးကြောင်းအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေကြောင့် တက္ကသိုလ်ဆက်မတက်နိုင်သည့် ကျောင်းသားအများစုလည်းရှိပါသည်။ ထိုအခြေအနေများကြောင့် ဘွဲ့ယူရန်စောင့်ဆိုင်းနေသော IT တက္ကသိုလ်ကျောင်းသားများအတွက်ရည်ရွယ်၍  IT ပညာဒါန သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

ယခုပညာဒါနအတန်းတွင် ITPEC FE စာမေးပွဲဝင်ရောက်ဖြေဆိုနိုင်အောင်လည်း သင်ကြားပို့ချလျှက်ရှိပါသည်။ သင်တန်းပြီးဆုံးချိန်တွင် ထူးချွန်သောကျောင်းသားများ အနေဖြင့် GIC နှင့်  GIC ၏ မိတ်ဖက်ကုမ္ပဏီများတွင် အလုပ်အကိုင်ရရှိနိုင်သော အခွင့်အလမ်းများလည်းရှိပါသည်။

【သင်ကြားမည့်အကြောင်းအရာ】

၁) RPA (Ui Path Pro Cloud)

၂) ITPEC FE စာမေးပွဲအတွက်သင်တန်း (Information Technology Passport Examination - Fundamental Examination)

【လိုအပ်ချက်များ】

အောက်ပါတက္ကသိုလ်/အထူးပြုမေဂျာများ၏ တတိယနှစ် 〜 ဘွဲ့ရကျောင်းသူကျောင်းသားများ
၁) University of Information Technology (UIT) Yangon

၂) University of Computer Studies Yangon (UCSY)

၃) Myanmar Institute of Information Technology (MIIT) Mandalay

၄) University of Technology, Yadanabon Cyber City (Mandalay)

🌟အထူးပြုမေဂျာများ
Information Technology, Computer Science, Software, Engineering, Electrical and Telecommunication Engineering, IT Network, Database Engineering

🌟အထက်ပါတက္ကသိုလ်များမှ ကျောင်းသားကဒ်ကိုင်ဆောင်ထားသူ၊ ဘွဲ့ရပြီးဖြစ်ပါက ဘွဲ့လက်မှတ်ကိုင်ဆောင်ထားသူ(※ဘွဲ့ရပြီး၃နှစ်အထိလျှောက်ထားနိုင်သည်)