All in One 2 Years Course

၂ နှစ်သင်တန်းဖြစ်ပြီး၊ IT နှင့် ဂျပန်ဘာသာကို အခြေခံမှစတင်၍ လုပ်ငန်းခွင်ဝင်ရောက်နိုင်သည်အထိ စနစ်တကျလေ့ကျင့်သင်ကြားမည့်အပြင် IT Professional တစ်‌‌ယောက်အတွက်  မရှိမဖြစ် အ‌ရေးပါသည့် Liberal Arts ကိုပါ ထည့်သွင်းသင်ကြားမည်ဖြစ်ပါသည်။ ဂျပန်နိုင်ငံ၏  IT ပညာရှင် အသိအမှတ်ပြုစာမေးပွဲတခုဖြစ်သော ITPEC FE Exam‌ ကိုပါ ဖြေဆိုအောင်မြင်ရန် သင်ကြားမည့် သင်တန်းဖြစ်ပါသည်။

ကျောင်းဝင်ခွင့်သတ်မှတ်ချက်

အထက်တန်းအောင်မြင်ပြီး‌၊ အသက် ၁၈ နှစ် နှင့်အထက် ဖြစ်ရပါမည်။

ပထမဦးစွာ IQ test နှင့် Interview ကိုဖြေဆိုပြီး၊ စတင်တက်ရောက်ရန်သင့်လျော်သည့် တန်းခွဲကို ဆွေးနွေးဆုံးဖြတ်နိုင်မည်ဖြစ်ပါသည်။

၁။ IQ test

※ သတ်မှတ်ထားသော အမှတ်မရရှိပါက IT Foundation Course၏ Logical Thinking Course မှစတင်တက်‌ရောက်ရန်။

၂။ Interview

※ Computerအခြေခံရှိ၊ မရှိကိုစစ်ဆေးမည်ဖြစ်ပြီး၊ အခြေခံမရှိပါက IT Foundation Course ၏  Computer/IT Basic Course မှ စတင်တက်ရောက်ရန်။

※ Logical Thinkingအားနည်းသူဖြစ်ပါက IT Foundation Course ၏ Logical Thinking Course ကိုတက်ရောက်ရန်။

ထို့အပြင် တစ်ဦးချင်းစီ၏ ရည်မှန်းချက်ကိုလည်း သင်တန်းမတက်ရောက်မီ အချိန်ကပင် ဆွေးနွေးတိုင်ပင်သွားမည် ဖြစ်ပါသည်။

သင်တန်းမှာ သင်ကြားရမည့် ဘာသာရပ်များ

IT Foundation

IT Engineer Basic Learning

IT ဘာသာရပ်၏ အခြေခံဖြစ်သော Logical Thinking နှင့် Computer (IT) Basic ကို သင်ကြားမည်ဖြစ်ပါသည်။

ITPEC IT Passport Course နှင့် ITPEC FE Course တို့ပါဝင်ပါမည်။ IT နယ်ပယ်တွင် အလုပ်အကိုင်ရရှိရန်အတွက် အထောက်အကူပေးမည့် အသိပညာနှင့် နည်းပညာရပ်များကို မေးမြန်းစစ်ဆေးသည့် စာမေးပွဲဖြစ်သည့်  ITPEC စာမေးပွဲသည် ဂျပန်နိုင်ငံ၏ National Exam တစ်ခုဖြစ်ပြီး၊ အာရှနိုင်ငံ (၆)နိုင်ငံတွင် အသိအမှတ်ပြုကျင်းပပြုလုပ်လျက်ရှိသည့် International IT Exam တစ်ခုဖြစ်ပါသည်။ 

IT Full Cycle Development Bootcamp

Full Cycle Development Bootcamp

Japanese Language

Japan IT Language

System Development အတွက်လိုအပ်သော အခြေခံဗဟုသုတများကို လေ့လာသင်ယူပြီး၊ System Development၏ Life Cycle အဆင့်ဆင့်ကို လက်တွေ့လုပ်ဆောင်လေ့ကျင့်ခြင်းဖြင့် လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်အောင် သင်ကြားမည်ဖြစ်ပါသည်။ Developer Basic Knowledge Course နှင့် Full Cycle Development Practice Course တို့ပါဝင်ပါမည်။

ဂျပန်ဘာသာကို အခြေခံ N5 မှစ၍ Advanced level N2/N1 အထိ သင်ကြားမည်ဖြစ်ပြီး၊ ITလုပ်ငန်းခွင်သုံး ဂျပန်ဘာသာစကားနှင့် Business Manner များလည်း ပါ၀င်မည်ဖြစ်ပါသည်။

General (Liberal Arts)

Liberal Arts

On Job Training

On Job Training

AI ခေတ်တွင်  Liberal Arts သည် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်လာပါသည်။ IT ပညာရှင်တစ်ယောက်အနေဖြင့် Developmentပိုင်းတွင် ထူးချွန်ရုံသာမကပြဿနာများကို‌‌ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း၊ ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ အသင်းအဖွဲ့နှင့်လုပ်ဆောင်ရာတွင်လိုအပ်သည့် Communication Skillsကောင်းမွန်ခြင်း၊ သဘောထားကွဲလွဲမှုများကို ညှိနှိုင်းနားလည်သဘောပေါက်နိုင်ခြင်း၊ တီထွင်ဖန်တီးနိုင်ခြင်း စသည့်အရည်အချင်းများသည် Liberal Arts၏ အရေးပါမှုများဖြစ်ပါသည်။ Liberal Arts ဘာသာရပ်ထဲမှ Social Science၊ Philosophy၊ Economy နှင့် လုပ်ငန်းခွင်တွင်အခြေခံသိထားရမည့် Business Mannerများ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များ အစရှိသည်ကို သင်ကြားမည် ဖြစ်ပါသည်။

စာသင်နှစ်ဒုတိယနှစ်တွင် လက်တွေ့လေ့ကျင့်မှု OJT ကို လုပ်ဆောင်ရမည်ဖြစ်ပြီး၊ လုပ်ငန်းခွင်တွင် အမှန်တကယ် လုပ်ကိုင်ရသည့် System များကို ကိုယ်တိုင်လက်တွေ့ developလုပ်ရမည် ဖြစ်ပါသည်။ အဖွဲ့လိုက် Project နှင့် တစ်ဦးချင်းစီ Project တို့ကိုဆောင်ရွက်ကြရမည်ဖြစ်ပြီး၊ စာသင်နှစ် ၂ နှစ်တာကာလအတွင်း သင်ကြားသိရှိထားသည်များကို လက်တွေ့ပုံဖော်ရန်ဖြစ်ပါသည်။

သင်တန်းချိန်

သင်တန်းစတင်မည့်ရက် : ၂၀၂၄ ဧပြီ ၁ ရက်

သင်တန်းပြီးဆုံးမည့်ရက် : ၂၀၂၆ မတ် ၃၁ ရက်

သင်တန်းကာလ : ၂နှစ် (တနင်္လာ ~ သောကြာ)(အများပြည်သူရုံးပိတ်ရက်များတွင်ပိတ်သည်။)

သင်တန်းချိန် : ၉း၀၀  ~ ၁၆း၀၀ (၁၂း၀၀  ~ ၁၃း၀၀ break time)

တစ်‌‌နေ့လျှင် ၆ နာရီ (IT Course ၄ နာရီ + ဂျပန်စာ ၂ နာရီ )

ငွေပေးချေစနစ်

※ တစ်ခါတည်းပေးချေခြင်း (early bird plan ရှိခြင်း)

 အရစ်ကျပေးချေခြင်း