သေချာတဲ့ IT Career လမ်းကြောင်းကိုဖော်ဆောင်ပေးနိုင်သည့် GIC Career Gateway

GIC Career Gateway မိတ်ဆက်

GIC Career Gateway သည် ၂၀၁၁  ခုနှစ်မှစ၍  ဂျပန် (ရုံးချုပ်) ၊ မြန်မာ၊ အမေရိကန်  တို့တွင် IT Solution များကို မြန်မာ IT ပညာရှင်အများစုဖြင့် ဆောင်ရွက်လျက်ရှိသော ဂျပန် IT ကုမ္ပဏီ GIC Group မှ တည်ထောင်ထားသော သင်တန်းကျောင်းဖြစ်သည်။ သင်တန်းကျောင်းစတင်တည်ထောင်သည်မှာ ၂၀၂၄ ခုနှစ် ဖြစ်သော်လည်း GIC Group သည် ၂၀၁၁ ခုနှစ်မှစ၍ ယနေ့ထိတိုင် ရုံးတွင်း Training Program များပြုလုပ်လျက်ရှိခြင်းကြောင့် သင်ကြားရေးပိုင်းအတွေ့အကြုံရှိပြီးဖြစ်သည့် အပြင်၊ IT ကုမ္ပဏီမှဖွင့်လှစ်သော သင်တန်း‌‌ကျောင်း ဖြစ်ခြင်းကြောင့်လည်း Career Path အတွက်ပါ အထူးကောင်းမွန်စေပါသည်။ 
IT ပညာရပ်ကိုသင်ကြားရန် စိတ်၀င်စားသောလူငယ်များနှင့်ဘွဲ့မရရှိသေးသော လူငယ်များအတွက် အနာဂါတ် ဂျပန် IT လုပ်ငန်းခွင်ဝင်တွင် အသုံးဝင်မည့် သင်ကြားရေးစနစ်များပြင်ဆင်ထားရုံသာမကပဲ၊ ပညာသင်စရိတ် အခက်အခဲရှိသော လူငယ်များ အတွက်ပါ Scholarship Program များလည်း ပံ့ပိုးပေးလျှက်ရှိပါသည်။ 

Global Innovation Consulting Inc.(GIC Group) သည် ၂၀၁၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ  Job Fair in Myanmar ဝန်ထမ်းရွေးချယ်ပွဲကို မတည်ကျင်းပခဲ့ပြီး၊ မြန်မာလူငယ် IT ပညာရှင်ပေါင်း ၁,၀၀၀ ကျော်ကို Job Fair မှ တဆင့်ခေါ်ယူ၍ GIC အပါအဝင် GIC ၏ မိတ်ဖက် ဂျပန် IT Company ကြီးများတွင် IT ပညာရှင်တစ်ယောက်အနေဖြင့် အလုပ်အကိုင်ရရှိစေရန်ဆောင်ရွက်ပေးလျက်ရှိပါသည်။
GIC Group သည် မြန်မာလူငယ်များ၏ အနာဂါတ်ပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ IT and Japanese Language Center, GIC Career Gateway ကို တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ ဂျပန်နိုင်ငံ၏ IT Engineer လိုအပ်နေမှုတွင် မြန်မာလူငယ်များ နေရာရစေရန် အထူးရည်ရွယ်ပါသည်။ 

ပိုမိုသိရှိရန် >>

ဘယ်သူတွေအတွက်လဲ?ဘယ်သူတွေတက်‌သင့်လဲ?

အနာဂတ်တွင် ဂျပန်နိုင်ငံသို့ ITပညာရှင်အနေဖြင့် သွားရောက်လိုသူလူငယ်တိုင်းအတွက်

၁) အထက်တန်းအောင်မြင်ပြီး‌ အသက်(၁၈)နှစ်နှင့်အထက် လူငယ်များ

၂) IT ပညာရပ်ကိုစိတ်ဝင်စားပြီး ဘွဲ့မရရှိသေးသော လူငယ်များ

၃) IT &  Japanese Language ကို zero level မှစတင်လေ့လာမည့် လူငယ်များ

IT background ရှိပြီး IT ကျောင်းဆင်းဖြစ်သော်လည်း IT လုပ်ငန်းခွင်အတွေ့အကြုံမရှိသေး၍ Experience ရယူချင်သောလူငယ်များ နှင့် ဂျပန်စာကို စတင်လေ့လာမည့် လူငယ်များ

ဂျပန်နိုင်ငံရှိ Language School များသို့ပညာတော်သင် သွားရောက်လိုသူများ

ဂျပန်နိုင်ငံတွင် IT Engineer အဖြစ်အလုပ်လုပ်ကိုင်လိုသူများ

ဘာတွေသင်ရမှာလဲ?

IT Engineer အဖြစ် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည်အထိ သင်ကြားပေးမည့် GIC Career Gateway Japan IT Education・Bootcampeer

 ၁) Liberal Arts

  ၂) IT Full Cycle Development Bootcamp

  ၃) IT လုပ်ငန်းခွင်သုံးဂျပန်စာ Training

 ၄) On Job Training

GIC Career Gateway ကိုဘာကြောင့်ရွေးချယ်သင့်တာလဲ?

၁) ဂျပန်နိုင်ငံ တိုကျိုမြို့ အခြေစိုက် IT ကုမ္ပဏီမှ ဖွင့်လှစ်ထားသည့် Liberal Arts, IT & Japanese Training Center ဖြစ်ခြင်း

၂) သင်တန်းပြီးသည့်နောက် GIC ကုမ္ပဏီနှင့်အခြားမိတ်ဖက်ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများရရှိခြင်း

၃) OJT Project များလုပ်ဆောင်ရာတွင် လက်ရှိ GIC ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်လျက်ရှိသော GIC ၀န်ထမ်းများမှ support ပေးနိုင်ခြင်း

၄) အခြား ကျောင်းများနှင့်မတူဘဲ အခြေခံမှစ၍ လက်တွေ့လုပ်ဆောင်နိုင်သည့်အထိ သင်ကြားပေးခြင်း

၅) တကယ့်လုပ်ငန်းခွင် အတွေ့အကြုံများကို ရရှိစေနိုင်ခြင်း

၆) IT နှင့်ပတ်သက်သောဗဟုသုတများသာမက IT Professional တစ်ယောက်တွင် ရှိသင့်သည့် skillများ၊ အတွေးအခေါ်များကိုလည်း ရရှိစေနိုင်ခြင်း

GIC Career Gateway မှဖွင့်လှစ်ထားသည့် သင်တန်းများ

iStock-1177184973

All in One 2 Years Course

IT ဘာသာရပ်များနှင့် ဂျပန်စာဘာသာရပ်များကို အခြေခံမှစ၍ သင်ကြားပေးရုံသာမက လုပ်ငန်းခွင်ဝင်ရောက်နိုင်သည်အထိ သင်ကြား‌ပေးမည်ဖြစ်ပါသည်။ ဤ course တွင် ဘွဲ့မရရှိသေးသောလူငယ်များအတွက် ဂျပန်နိုင်ငံ၏ National Exam ဖြစ်သော ITPEC FE Exam ကို ဖြေဆိုအောင်မြင်နိုင်ရန်အတွက်လည်း လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါသည်။

ပိုမိုသိရှိရန် >>

iStock-1883830131

Individual Course

၁) Full Cycle Development Bootcamp
ဤ course တွင် software development life cycle တစ်ခုလုံးကို နားလည်စေရန် design ဆွဲသည့် အဆင့်မှစ၍ development, testing, operations & deployment, maintenance & updates လုပ်နိုင်သည့် အဆင့်အထိ အဆင့်ဆင့် သင်ကြားပေးမည့်သင်တန်းဖြစ်ပါသည်။

၂) IT Japanese Bootcamp

ဂျပန်နိုင်ငံတွင်  IT ပညာရှင်အနေဖြင့်အလုပ်လုပ်ကိုင်နိုင်ရန်လိုအပ်သည့် IT လုပ်ငန်းခွင်သုံး ဂျပန်ဘာသာရပ်ကို သင်ကြားပေးမည့်သင်တန်းဖြစ်ပါသည်။

ပိုမိုသိရှိရန် >>

Career Path with Career Gateway

GIC Career Gateway မှသင်တန်းပြီးသည့်နောက် GIC ကုမ္ပဏီတွင် Internship အနေဖြင့် ဝင်ရောက်လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။ Internship ကာလအတွင်းတွင်လည်း ကုမ္ပဏီမှ လစာ ၁၀၀,၀၀၀ ကျပ်အပြင် လမ်းစရိတ်ကိုပါ ထောက်ပံ့ပေးမည်ဖြစ်ပါသည်။ Internship ကာလမှာ ၆ လ ကြာမြင့်မည်ဖြစ်ပါသည်။ Internship ကာလပြီးဆုံးသည့်နောက် ကုမ္ပဏီဘက်မှ အကဲဖြတ်၍ ပြဿနာတစ်စုံတစ်ရာမရှိပါက အလုပ်ခန့်အပ်မည် ဖြစ်ပါသည်။ ထို့အပြင် မိမိ skill နှင့် ကိုက်ညီမှုရှိသော အခြားမိတ်ဖက်ဂျပန် IT ကုမ္ပဏီများနှင့်လည်း မိတ်ဆက်ပေးမည်ဖြစ်သောကြောင့်အလုပ်အကိုင်ရရှိနိုင်ပါသည်။

Events & News

GIC Career Gateway ၏ နောက်ဆုံးရ သတင်း‌များ၊ ပွဲအခမ်းအနားများ၊ အကြောင်းအရာများ

GIC မှ သင်ကြားပို့ချပေးမည့် AOTS ပညာဒါန Course

IT လုပ်ငန်းနယ်ပယ်တွင် မရှိမဖြစ်အရေးပါသော RPA ကဲ့သို့သော နည်းပညာသင်တန်းများ နှင့် ITPEC FE စာမေးပွဲပြင်ဆင်မှုသင်တန်းများကို AOTS (The Association for Overseas Technical Cooperation and Sustainable...